Tuesday, December 19, 2017

Ten Websites to Help You Grow Your Best Vegetable Garden Ever



Thursday, December 7, 2017

ဂေါ်ဖီစိုက်ပျိုးနည်း

ဂေါ်ဖီစိုက်ပျိုးနည်း














ဂေါ်ဖီစိုက်ပျိုးနည်း
============
စိုက်ပျိုးနည်း
ပျိုးသေတ္တာကလေးများပြုလုပ်၍ လည်းကောင်း

၊ သို့မဟုတ် ပျိုးပေါင်းပြုလုပ်၍ လည်းကောင်း၊ 
ပျိုးထောင်၍ ပျိုးပင်ကလေးများ အရွက်လေးရွက်မှ
 ခြောက်ရွက် ထွက်လာသည့်အရွယ်တွင်
 ပြောင်းရွေ့စိုက်ပျိုးရသည်။ ပြောင်းရွေ့စိုက်ပျိုး ရာတွင် 
တစ်ပင်နှင့်တစ်ပင် တစ်ပေခွာ၍ စိုက်ရမည်။
ဂေါ်ဖီမထုပ်ခြင်း
-----------
တစ်ခါတစ်ရံ ဂေါ်ဖီထုပ်များ အထုပ်ဘဲနေတတ်သည်။

 ထိုသို့ ဖြစ်ရသည်မှာ မျိုးကြောင့်လည်း ဖြစ်နိုင်သည်။ 
ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သည်။ ဂေါ်ဖီ ထုပ်သည် 
သက်တမ်းရက်ပေါင်း ၉၀ မှ ၁၃၀၊ တချို့ရက်ပေါင်း ၁၆၀ 
ထိရှိသည် ။ တစ်ခါတစ်ရံ ထိုသို့ ရက်ပေါင်း ၁၆၀ မျှရှိသော
 အအေးပိုင်းတွင် စိုက်သည်။ သက်ကြီးမျိုး များကို စိုက်မိလျှင်
 ထိုသို့မထုပ်ဘဲ နေတတ်သည်။ စိုက်ချိန်နောက် ကျသွားလျှင်
လည်း ဆောင်းရာသီအအေး ကုန်၍ ပူလာသောအချိန်သို
့ ရောက် သွားပြီး ဂေါ်ဖီမထုပ်တော့ပေ။ ဂေါ်ဖီသည် 
ရှမ်းကုန်းမြင့်ဒေသများတွင် တစ်နှစ်လုံး စိုက်ပျိုးဖြစ်ထွန်းသော်
လည်း ပြည်မတွင် ဆောင်းရာသီတွင်သာ စိုက်ပျိုးဖြစ်ထွန်း
သည်။
ဂေါ်ဖီထုပ်ကောင်းအောင်ပြုပြင်ပုံ
-----------------------
စောစောပျိုးထောင်ပါ။ တော်သလင်းလလောက်တွင်

 စတင်ပျိုးထောင်ပါ။ ပျိုးပင်ကလေးများ လေးရွက်မှ
 ခြောက်ရွက်ထွက်လာသောအခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်သည်။
 ပြောင်းရွေ့စိုက်ပျိုးရာတွင် နှစ်ခါ သုံးခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်
ပါကပိုကောင်းသည်။စိုက်ပေါင်များတွင်နွားချေး
၊မြေဆွေးကောင်းကောင်းထည့်ပေးပါ။ နှမ်းပတ်ပုပ်ရည်
များလောင်းပေးပါ။ ဓာတ်ဆား ဓာတ်မြေသြဇာကျွေးပါ။
ဓာတ်ဆာကျွေးပုံ
-------------
၁၄ပေရှိစိုက်ပေါင်တစ်ခုအတွက်ဓာတ်ဆားလေးကျပ်သား

ခန့်ကိုမြေဆွေးလေးပြည်နှင့်ရော၍ ဖြည့်ပေးပါ။
 နောက်မြေနှင့် သမပြီးမှ ပြောင်းရွေ့စိုက်ပါ။ အပင်များ 
အထနှေးလျှင် ဓာတ်ဆားကို ရေဖျော်လောင်းပါ။ ဓာတ်ဆား
 သုံးကျပ် သား (ရေလေးဂါလန်ဝင် ရေနံဆီပုံးကြီးရှစ်လုံး) 
နှင့်ဖျော်ပါ။ ၁၅ ရက် တစ်ကြိမ်လောင်းပေးပါ။

နနွင်း / ဆနွင်း စိုက်ပျိုးနည်း


နနွင်း / ဆနွင်း စိုက်ပျိုးနည်း



 






နနွင်း / ဆနွင်း စိုက်ပျိုးခြင်း
===================
Turmeric, Curcuma longa
နနွင်းသည် အပူချိန် ၂၀ံC -၃၀ံC တွင် ကောင်းစွာပေါက်ရောက်သည်။ ဧပြီ-မေလတို့တွင် စိုက်ပျိုးကြပြီး သဲနုန်းမြေကို နှစ်သက်သည်။ အခြားသီးနှံများ ကဲ့သို့ပင် မြေပြင်ပြီး ဘောင်နှင့် စိုက်ပျိုးသည်။ ပင်ကြားတန်းကြား၁ပေ x ၆လက်မမှ ၁ပေ x ၁ပေအထိ ထား၍ စိုက်ပျိုးကြသည်။ စိုက်ပြီး (၁) လခန့်တွင် အညွှန့်အရွက်များ ထွက်လာသည်။သြဂုတ်လတွင် ပန်းပွင့်၍ ခရမ်းရောင် အဖြူရောင် တွေ့ရသည်။
အပင်ငယ်စဉ်တွင် ပေါင်းရှင်းခြင်း ၊မြေဆွခြင်း ပြုလုပ်ပေးရသည်။ စိုက်ပြီး ၉ လ-၁၀ လ တွင် အောက်ရွက်များ ဝါလာပါက ရိတ်သိမ်းနိုင်သည်။ နောက်ကျ၍ ရိတ်သိမ်းပါက မှိုစွဲခြင်း အရောင်ပြောင်းခြင်း ဖြစ်၍ အထွက်ကျသည်။ တစ်ဧကလျှင် ပိသာချိန် ၃၀၀၀ မှ ၈၀၀၀ ထိ ထွက်ရှိနိုင်သည်။ ကရိကထနည်းသော သီးနှံတစ်မျိုးဖြစ်သည်။

Source စိုက်ပျိုးရေးဦးစီးဌာန
 

Sunday, December 3, 2017

ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း

ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း














ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း
=============================================
မြေပြုပြင်ခြင်း
----------------
မြေပြုပြင်ချိန်တွင် နွားချေးချပေးပါ။ထွန်ထယ်တို့ဖြင့်ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်၍ ထွန်ဖြင့်စိုက်ကြောင်းဖော်ပေးပါ။ ရုံးပတီသည် မျိုးအလိုက် အပင်အရွယ်အစားကွာခြားခြင်းကြောင့် မိမိအသုံြး့ပုသော မျိုးအပေါ်မူတည်ပြီး သင့်တော်သော အပင်အကွာအဝေးကို ပြုလုပ်ပေးရမည်။ အပင်ငယ် မျိုးကို စိုက်က (၃) ပေကွာ အတန်းများဆွဲပြီး တစ်ပင်နှင့်တစ်ပင် (၁) ပေခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်က (၃) ပေကွာ အတန်းများတွင် (၂) ပေခွာစိုက်ပေးရမည်။
နွေဦးစိုက် ရုံးပတီနှင့် မိုးစိုက် ရုံးပတီတို့သည် အပင်သန်စွမ်းမှုအားမတူကြပေ။ နွေဦးစိုက်ပါက အပင်သည် ကြီးထွားမှုနည်းခြင်းကြောင့် စိုက်တန်းနှင့် အပင် အကွာအဝေး လျော့ပေးရမည်။
စိုက်ပျိုးခြင်း
------------
ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂) နာရီခန့် ရေစိမ်ပေးပါ။ ရေစိမ်လျှင် မျိုးစေ့ ထုထည်၏ (၅) ဆရှိသောရေဖြင့် စိမ်ခြင်းဖြင့် ရေလဲပေးရန်မလိုပါ။ အစေ့မှ အပင်ပေါက်ရန်အတက် မြေ၏ အပူဓာတ်လည်းလိုအပ်သည်။ အနည်းဆုံး(၂၀) ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိရမည်။ မျိုးစေ့ကို ပထမရေစိမ်၍ ရေပေါ်တွင် ပေါ်နေသော အစေ့များကို ဖယ်ရှားပစ်ရမည်။ ရုံးပတီကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသဖြင့် ပေါင်းမြက်ကင်းစင်ရန် ဂရုစိုက်ရမည်။
အပင်ပြုစုခြင်း
----------------
ရုံးပတီစိုက်လျှင် ပေါင်းမြက်ကင်းရှင်း၍ အစိုဓာတ်လုံလောက်ပြီး၊ ရောဂါကင်း ရန် အရေးကြီးသည်။ အပင်သယ်စဉ်ပေါင်းကင်းစင်ရန် သတိပြုရမည်။
ရေသွင်းခြင်း
---------------
ရုံးပတီကို အလွန်ပူပြင်းသော ရာသီတွင် ရေသွင်းပေးရန်လိုသည်။ ရုံးပတီ သည် ရေငတ်ဒဏ်ကို အတော်သင့်ခံနိုင်ရည် ရှိသော်လည်း အစိုဓာတ် ထိန်းသိမ်းနိုင်အား ကောင်းသော မြေတွင် စိုက်ပျိုးလျှင် အထွက်နှုန်း ပိုမိုကောင်းစေပါသည်။


ငရုတ်အထွက်နှုန်းတိုးစေရန်ဆောင်ရွက်ရမည့်အချက်များ


ငရုတ်အထွက်နှုန်းတိုးစေရန်ဆောင်ရွက်ရမည့်အချက်များ











ငရုတ်အထွက်နှုန်း တိုးစေရန် ဆောင်ရွက်ရမည့်အချက်များ
=========================================
၁။ ရေမြေဒေသနှင့် ကိုက်ညီသော မျိုးများမှ ဖလံဖြူကင်းပြီး အရောင်လှပသည့် အသီးမှ မျိုးစေ့ကို ရွေးချယ်၍ စိုက်ပျိုးပါ။
၂။ မြေကို ထယ်ရေးနက်နက်၊ ညက်ညက်ထွန်ပြီး ရေသွင်းရေထုတ်မြောင်းများ စနစ်တကျဖော်၍ ဆောင်ရွက်ပါ။
၃။ တစ်ဧကလျှင် အပင်ပေါက်နှုန်းကောင်းမွန်သည့် မျိုးစေ့ (၁၀၀-၂၀၀) ဂရမ်နှုန်း အသုံးပြု၍ ပျိုးထောင်စိုက်ပျိုးပါ။
၎။ ပင်ကြား၊ တန်းကြား (၂×၂) ပေ (သို့) (၂×၂.၅) ပေ အကွာအဝေးဖြင့် အပင် (၈၀၀၀ မှ ၁၀၀၀၀) ၀င်ဆံ့အောင် လေးကွက်ကြားစနစ်ဖြင့် စိုက်ပျိုးပါ

၅။ တစ်ဧကလျှင် နွားချေး (၁၀) တန်၊ ယူရီးယား (၂) အိတ်၊ တီစူပါ (၁) အိတ်၊ ပိုတက် (၁) အိတ်နှုန်း ထည့်သွင်းပေးပါ။ ယူရီးယားကို မြေခံတွင် တစ်ဝက်နှင့် ကျန်တစ်ဝက်ကို ဘောင်တင်ချိန်နှင့် ပန်းပွင့်ချိန်တွင် နှစ်ကြိမ်ခွဲထည့်ပါ။
၆။ ပျိုးသက် (၃၀-၄၅) ရက်သားတွင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးပါ။ ရွေ့ပြောင်းစိုက်ပြီးတစ်လအကြာတွင်ကြားပေါင်းလိုက်ခြင်း၊ဘောင်တင်ခြင်းနှင့် အပင်ပြုပြင်ခြင်းကို ဆောင်ရွက်ပါ။
၇။ ရွေ့ပြောင်းစိုက်ချိန်တွင် စိုက်ခင်းတွင် အစိုဓာတ်လုံလောက်မှု ရှိစေရန် အထူးဂရုပြုရပါမည်။ အပင်လှန်ချိန် အထိ အစိုဓာတ်မပြတ်စေရန် ပန်းစတင် ပွင့်ချိန်တွင် ရေသွင်းပေးခြင်းလုပ်ငန်းကို အထူးဆောင်ရွက်ပါ။
၈။ ပိုးသတ်ဆေးနှင် မှိုသတ်ဆေးမျာကို ဖော်ပြထားသည့်အတိုင်း ပက်ဖျန်း ကာကွယ်ပေးပါ။
၉။ ငရုတ်ခြောက် အရည်အသွေးကောင်း ရရှိစေရန်အတွက် ပန်းပွင့်ပြီး (၆-၈) ရက်အကြာတွင် ကောင်းစွာ ရင့်မှည့်၍ အနီရောင်သန်းသော ငရုတ်သီးများ ကိုသာ ဆွတ်ခူးပါ။
၁၀။ အရည်အသွေးကောင်းမွန်သော ငရုတ်ခြောက်များ ရရှိစေရန် (၆၀ံ) စင်တီဂရိတ်ရှိသော ရေနွေးတွင် ဘီနိုမိုင်း မှိုသတ်ဆေး (၁း၁၀၀) နှုန်းဖျော်ကာ (၅) မိနစ်စိမ်၍ (၃-၄) ရက် နေလှန်းပါ။

#Pissaya_Info
Source by - လယ်/ဆည်