Sunday, December 3, 2017

ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း

ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း














ရုံးပတီ မြေပြုပြင်ခြင်း၊စိုက်ပျိုးခြင်း၊အပင်ပြုစုခြင်းနှင့်ရေသွင်းခြင်း
=============================================
မြေပြုပြင်ခြင်း
----------------
မြေပြုပြင်ချိန်တွင် နွားချေးချပေးပါ။ထွန်ထယ်တို့ဖြင့်ထွန်ရေးညက်အောင်မွှေပြီး ကြမ်းတုံးရိုက်၍ ထွန်ဖြင့်စိုက်ကြောင်းဖော်ပေးပါ။ ရုံးပတီသည် မျိုးအလိုက် အပင်အရွယ်အစားကွာခြားခြင်းကြောင့် မိမိအသုံြး့ပုသော မျိုးအပေါ်မူတည်ပြီး သင့်တော်သော အပင်အကွာအဝေးကို ပြုလုပ်ပေးရမည်။ အပင်ငယ် မျိုးကို စိုက်က (၃) ပေကွာ အတန်းများဆွဲပြီး တစ်ပင်နှင့်တစ်ပင် (၁) ပေခွာစိုက်ပါ။ အပင်ကြီးမျိုးဖြစ်က (၃) ပေကွာ အတန်းများတွင် (၂) ပေခွာစိုက်ပေးရမည်။
နွေဦးစိုက် ရုံးပတီနှင့် မိုးစိုက် ရုံးပတီတို့သည် အပင်သန်စွမ်းမှုအားမတူကြပေ။ နွေဦးစိုက်ပါက အပင်သည် ကြီးထွားမှုနည်းခြင်းကြောင့် စိုက်တန်းနှင့် အပင် အကွာအဝေး လျော့ပေးရမည်။
စိုက်ပျိုးခြင်း
------------
ရုံးပတီစေ့ကို မစိုက်ပျိုးမီ (၁၂) နာရီခန့် ရေစိမ်ပေးပါ။ ရေစိမ်လျှင် မျိုးစေ့ ထုထည်၏ (၅) ဆရှိသောရေဖြင့် စိမ်ခြင်းဖြင့် ရေလဲပေးရန်မလိုပါ။ အစေ့မှ အပင်ပေါက်ရန်အတက် မြေ၏ အပူဓာတ်လည်းလိုအပ်သည်။ အနည်းဆုံး(၂၀) ဒီဂရီစင်တီဂရိတ် အထက်တွင် ရှိရမည်။ မျိုးစေ့ကို ပထမရေစိမ်၍ ရေပေါ်တွင် ပေါ်နေသော အစေ့များကို ဖယ်ရှားပစ်ရမည်။ ရုံးပတီကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ရုံးပတီတွင် ဗိုင်းရပ်စ်ရောဂါ ကျရောက်လေ့ရှိသဖြင့် ပေါင်းမြက်ကင်းစင်ရန် ဂရုစိုက်ရမည်။
အပင်ပြုစုခြင်း
----------------
ရုံးပတီစိုက်လျှင် ပေါင်းမြက်ကင်းရှင်း၍ အစိုဓာတ်လုံလောက်ပြီး၊ ရောဂါကင်း ရန် အရေးကြီးသည်။ အပင်သယ်စဉ်ပေါင်းကင်းစင်ရန် သတိပြုရမည်။
ရေသွင်းခြင်း
---------------
ရုံးပတီကို အလွန်ပူပြင်းသော ရာသီတွင် ရေသွင်းပေးရန်လိုသည်။ ရုံးပတီ သည် ရေငတ်ဒဏ်ကို အတော်သင့်ခံနိုင်ရည် ရှိသော်လည်း အစိုဓာတ် ထိန်းသိမ်းနိုင်အား ကောင်းသော မြေတွင် စိုက်ပျိုးလျှင် အထွက်နှုန်း ပိုမိုကောင်းစေပါသည်။


No comments:

Post a Comment